Top of page Skip to main content

မြန်မာ
အခွန်ထမ်းတိုင်းအတွက် အခွန်လျှော့ချခြင်း

ဩစတြေးလျအခွန်ထမ်းအားလုံးသည် နေထိုင်စရိတ် ဖိအားများကို ခံစားနေကြရသည်။ ထို့ကြောင့် ဩစတြေးလျအစိုးရက 2024 ခုနှစ် ဇူလိုင်လ 1 ရက်နေ့မှစ၍ ဩစတြေးလျ အခွန်ထမ်း 13.6 သန်းလုံးကို အခွန်လျှော့ပေါ့ပေးသွားမည်ဖြစ်သည်။ ယခုအခါ ဩစတြေးလျ အခွန်ထမ်းအားလုံး အခွန်လျှော့ပေါ့ခံစားကြရပါမည်။

သြစတြေးလျအစိုးရသည် တစ်ဦးချင်းဝင်ငွေခွန်နှုန်းထားများနှင့် ၎င်းတို့နှင့်သက်ဆိုင်သည့် ဝင်ငွေအဆင့်များ ('သတ်မှတ်ချက်များ’ ဟု သိကြသည်) ကို ပြောင်းလဲလိုက်ပါသည်။

2024 ခုနှစ် ဇူလိုင်လ 1 ရက်နေ့မှစ၍-

  • အခွန်နှုန်း 19 ရာခိုင်နှုန်းကို 16 ရာခိုင်နှုန်းသို့ လျှော့ချလိုက်ပါသည်
  • အခွန်နှုန်း 32.5 ရာခိုင်နှုန်းကို 30 ရာခိုင်နှုန်းသို့ လျှော့ချလိုက်ပါသည်
  • အခွန်ကန့်သတ်ချက် 37 ရာခိုင်နှုန်းကို $120,000 မှ $135,000 သို့ တိုးမြှင့်လိုက်ပါသည်
  • အခွန်ကန့်သတ်ချက် 45 ရာခိုင်နှုန်းကို $180,000 မှ $190,000 သို့ တိုးမြှင့်လိုက်ပါသည်

ဤအပြောင်းအလဲများသည် သြစတြေးလျအခွန်ထမ်းတိုင်းအား အခွန်လျော့ပေါ့စေမည်ဖြစ်သည်။


အခွန်လျှော့ချမှုများအကြောင်း

ကျွန်ုပ်၏ အခွန်လျှော့ချမှုကို မည်သည့်အချိန်တွင် ရရှိမည်နည်း။

တစ်ဦးချင်းဝင်ငွေခွန်နှုန်းထားနှင့် သတ်မှတ်ချက်အသစ်များသည် 2024 ခုနှစ် ဇူလိုင်လ 1 ရက်နေ့မှစ၍ သင်ရရှိသော အခွန်ကောက်ခံနိုင်သည့် ဝင်ငွေအားလုံးနှင့် သက်ဆိုင်ပါမည်။

အခွန်ထမ်းအများစုအတွက် သင်၏အခွန်လျှော့ပေါ့မှုကို လစာငွေရရှိသည့်နေ့တိုင်း သင်၏ အသားတင်ဝင်ငွေအနေဖြင့် ထင်ဟပ်မည်ဖြစ်သည်။

အချို့သော အခွန်ထမ်းများသည် 2024-2025 ဘဏ္ဍာရေးနှစ်အကုန်တွင် စည်းကြပ်မည့်ဝင်ငွေစာရင်း တင်ပြီး စီမံဆောင်ရွက်သည့်အခါ ၎င်းတို့၏ အခွန်လျှော့ချမှုကို လက်ခံရရှိပါမည်။

ဤအခွန်လျှော့ချမှုသည် သင်၏ 2023–24 စည်းကြပ်မည့် ဝင်ငွေစာရင်းအပေါ် သက်ရောက်မှုရှိမည်မဟုတ်ပါ။

သင်၏ နှစ်စဉ်အခွန်လျှော့ချမှုကို ခန့်မှန်းရန် သင်အခွန်ဖြတ်တောက်သော ဂဏန်းတွက်စက်ကို သုံးနိုင်သည်။

ကျွန်ုပ်၏ အခွန်လျှော့ချမှုကို မည်သည့်အချိန်တွင် ရရှိမည်နည်း။

သင်သည် ဝန်ထမ်းတစ်ဦးဖြစ်လျှင် သင့်အလုပ်ရှင်သည် လစာထုတ်ရက်တိုင်း သင်၏လစာငွေမှ ၎င်းတို့နုတ်ယူထားသည့် လစာထဲမှနုတ်ယူထားသည့် (PAYG) အခွန်ပမာဏကို သင့်အား ပြင်ဆင်အသိပေးပါမည်။ သင်၏လစာစလစ်ကို စစ်ဆေးပြီး သင်အခွန်လျှော့ပေါ့မှုရရှိကြောင်း မသေချာသေးလျှင် ၎င်းတို့သည် လစာထဲမှနုတ်ယူသည့် အခွန်နှုန်းထားအသစ်ကို အသုံးပြုခြင်းရှိမရှိ သင့်အလုပ်ရှင်ကို မေးမြန်းပါ။ အလုပ်ရှင်များသည် 2024 ခုနှစ် ဇူလိုင်လ 1 ရက်နေ့မှစ၍ နှုန်းထားနှင့် အခွန်ဇယားအသစ်များကို အသုံးပြုရန် လိုအပ်ပါသည်။ အခွန်ဇယားအသစ်များကို ato.gov.au/taxtables တွင် ရရှိနိုင်ပါသည်။

အခွန်လျှော့ချမှုဆိုသည်မှာ အဘယ်နည်း။

အခွန်လျှော့ချမှုဆိုသည်မှာ တစ်ဦးချင်း၏ ဝင်ငွေခွန်နှုန်းထားများနှင့် သတ်မှတ်ချက်များ ပြောင်းလဲခြင်းဖြစ်ပြီး ၎င်းသည် အခွန်ထမ်း၏ အခွန်ပေးရန်ရှိ တာဝန်များ (လူတစ်ဦး ပေးရန်လိုအပ်သည့် ဝင်ငွေခွန်ပမာဏ)ကို လျှော့ပေါ့မှုဖြစ်စေသည်။

ယင်းမှာ ဘဏ္ဍာရေးနှစ်တစ်နှစ်အဆုံးတွင် သင် စည်းကြပ်မည့်ဝင်ငွေစာရင်း တင်သွင်းသည့်အခါ သင်လိုအပ်သည့်အခွန်ထက်ပို၍ ပေးခဲ့လျှင် ဩစတြေးလျ အခွန်ရုံး (ATO) မှ သင်ပြန်ရရှိမည့် ငွေဖြစ်သည့် အခွန်ပြန်အမ်းငွေနှင့်မတူပါ။

ဝင်ငွေခွန်နှုန်းထားများနှင့် သတ်မှတ်ချက်များသည် မည်သို့အလုပ်လုပ်သနည်း။

အကယ်၍ သင်သည် သြစတြေးလျအခွန်ထမ်းတစ်ဦး ဖြစ်ပါက အခွန်ကင်းလွတ်ခွင့်သတ်မှတ်ချက်မှာ $ 18,200 ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် တစ်နှစ်လျှင် ဝင်ငွေ $18,200 အထိဖြစ်လျှင် အခွန်မပေးဆောင်ရပါ။

သင်သည် ဝင်ငွေ $18,201 နှင့် $45,000 ကြားရှိလျှင် -

  • သင်၏ ပထမဆုံး $18,200 သည် အခွန်ကင်းလွတ်ခွင့်ရမည်၊ ပြီးလျှင်
  • 18,201 နှင့် $ 45,000 အကြား ဝင်ငွေ တစ်ဒေါ်လာလျှင် 16 ဆင့် အခွန်ပေးဆောင်ရပါမည်။

သင်သည် $ 45,001 နှင့် $ 135,000 အကြားဝင်ငွေရှိလျှင် -

  • သင်၏ ပထမဆုံး $18,200 သည် အခွန်ကင်းလွတ်ခွင့်ရမည်၊ ပြီးလျှင်
  • 18,201 နှင့် $ 45,000 အကြား ဝင်ငွေ တစ်ဒေါ်လာလျှင် 16 ဆင့် အခွန်ပေးဆောင်ရပါမည်၊ ထို့အပြင်
  • $45,001 နှင့် $135,000 အကြား ဝင်ငွေ တစ်ဒေါ်လာလျှင် 30 ဆင့် အခွန်ပေးဆောင်ရပါမည်။

သင်သည် $135,001 နှင့် $190,000အကြားဝင်ငွေရှိလျှင် -

  • သင်၏ ပထမဆုံး $18,200 သည် အခွန်ကင်းလွတ်ခွင့်ရမည်၊ ပြီးလျှင်
  • 18,201 နှင့် $ 45,000 အကြား ဝင်ငွေ တစ်ဒေါ်လာလျှင် 16 ဆင့် အခွန်ပေးဆောင်ရပါမည်၊ ထို့အပြင်
  • $45,001 နှင့် $135,000 အကြား ဝင်ငွေ တစ်ဒေါ်လာလျှင် 30 ဆင့် အခွန်ပေးဆောင်ရပါမည်။ ထို့အပြင်
  • $135,001 and $190,000 အကြား ဝင်ငွေ တစ်ဒေါ်လာလျှင် 37 ဆင့် အခွန်ပေးဆောင်ရပါမည်။

သင်သည် $190,000 ကျော် ဝင်ငွေရှိလျှင်-

  • သင်၏ ပထမဆုံး $18,200 သည် အခွန်ကင်းလွတ်ခွင့်ရမည်၊ ပြီးလျှင်
  • 18,201 နှင့် $ 45,000 အကြား ဝင်ငွေ တစ်ဒေါ်လာလျှင် 16 ဆင့် အခွန်ပေးဆောင်ရပါမည်၊ ထို့အပြင်
  • $45,001 နှင့် $135,000 အကြား ဝင်ငွေ တစ်ဒေါ်လာလျှင် 30 ဆင့် အခွန်ပေးဆောင်ရပါမည်။ ထို့အပြင်
  • $135,001 နှင့် $190,000 အကြား ဝင်ငွေ တစ်ဒေါ်လာလျှင် 37 ဆင့် အခွန်ပေးဆောင်ရပါမည်၊ ပြီးလျှင်
  • သတ်မှတ်ချက် $190,000 အထက် ဝင်ငွေ တစ်ဒေါ်လာလျှင် 45 ဆင့် အခွန်ပေးဆောင်ရမည်။

ဝင်ငွေနည်းသော အခွန်ထမ်းများနှင့် သက်ကြီးရွယ်အိုများ (‘သက်ကြီးရွယ်အိုများ’) ကဲ့သို့သော အခွန်ထမ်းအချို့သည် ၎င်းတို့၏ နောက်ဆုံးအခွန်တာဝန်ဝတ္တရားကို တိုက်ရိုက်လျှော့ချပေးသည့် အခွန်ခုနှိမ်မှုများ (တစ်ခါတစ်ရံတွင် အခွန်သက်သာခွင့်အဖြစ် လူသိများသည်) အတွက်လည်း အရည်အချင်းပြည့်မီနိုင်သည်။

သင်၏ ဝင်ငွေအပေါ် အခွန်ပေးဆောင်ခြင်းနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက သြစတြေးလျအခွန်ရုံး ဝဘ်ဆိုက် (အင်္ဂလိပ်)သို့ ဝင်ရောက်ကြည့်ရှုပါ။


နေထိုင်မှုကုန်ကျစရိတ်ထောက်ပံ့မှု

နေထိုင်မှုကုန်ကျစရိတ်ကို ကူညီပေးခြင်း

အိမ်ထောင်စုများစွာသည် နေထိုင်မှုစရိတ် ဖိအားများနှင့် ရင်ဆိုင်နေရသည်ကို ဩစတြေးလျအစိုးရက အသိအမှတ်ပြုပါသည်။ သြစတြေးလျအစိုးရက ဩစတြေးလျအခွန်ထမ်းအားလုံးအတွက် အခွန်နှုန်းထားများ လျှော့ချပေးပါမည်။

Priya ကို ကူညီခြင်း

Priya သည် ဒေသတွင်း သြစတြေးလျနိုင်ငံမှာ နေထိုင်ပါသည်။ သူမသည် $90,000 ဝင်ငွေရရှိခဲ့ပြီး 2023–24 တွင် Medicare အခွန် 2 ရာခိုင်နှုန်းအပါအဝင် ဝင်ငွေခွန်ဒေါ်လာ $21,517 ကိုပေးဆောင်ခဲ့သည်။ တူညီသောလစာဖြင့် Priya သည် 2024–25 ခုနှစ်တွင် နှစ်စဉ်အခွန်လျှော့ချငွေ $1,929 ကို ရရှိပါမည်။


အခွန်ဖြတ်တောက်သော ဂဏန်းတွက်စက်

သြစတြေးလျ အခွန်ထမ်း 13.6 သန်းလုံး အခွန်လျော့ကျမည်ဖြစ်သည်။ သင်၏ အခွန်လျှော့ချမှုကို ဂဏန်းတွက်စက်ဖြင့် ခန့်မှန်းနိုင်သည်*။

သင်၏ အခွန်လျှော့ချမှုကို ခန့်မှန်းပါ

မှတ်ချက်- ဒေါ်လာ $18,200 အခွန်ကင်းလွတ်ခွင့် ကန့်သတ်ချက်နှင့် ဝင်ငွေနည်းခုနှိမ်မှုကြောင့် $22,575 အောက် အခွန်စည်းကြပ်နိုင်သော ဝင်ငွေရှိပုဂ္ဂိုလ်များသည် ဝင်ငွေခွန်ပေးဆောင်ရမည်မဟုတ်ပါ။

*မသက်ဆိုင်ကြောင်းငြင်းဆိုချက်

  • ဤကိရိယာသည် တစ်ဦးချင်းစီ၏ အခွန်စည်းကြပ်နိုင်သော ဝင်ငွေပေါ်အခြေခံ၍ ပုံစံချထားသည့် တင်ပြမှုများကို ပေးပါသည်။ တွက်ချက်ထားသော စုစုပေါင်းပမာဏသည် သင်၏ နှစ်စဉ်အခွန်လျှော့ချမှုဖြစ်သည်။
  • သင်၏ တစ်ဦးချင်းအခြေအနေပေါ် မူတည်၍ သင်၏ အခွန်လျှော့ချမှုကို တစ်လုံးတစ်ခဲတည်း ငွေပမာဏအဖြစ် လက်ခံရရှိမည်မဟုတ်ပါ။ အခွန်ထမ်းအများစုအတွက် ၎င်းကို လစာပေးရက်တိုင်း၌ ဖြည်းဖြည်းချင်း မြင်တွေ့ရမည်ဖြစ်သည်။
  • ဤကိရိယာရှိ ခန့်မှန်းချက်များသည် 2023–24 အခွန်နှုန်းထားများနှင့် 2024–25 အခွန်နှုန်းထားများနှင့် သတ်မှတ်ချက်များ နှိုင်းယှဉ်ခြင်းအပေါ် အခြေခံသည်။
  • အခွန်တာဝန်ယူမှုလျှော့ချခြင်းသည် အခြေခံအခွန်စကေးများ ၊ ဝင်ငွေနည်း အခွန်ခုနှိမ်မှုများ (အကျုံးဝင်သည့်အတိုင်း) နှင့် သက်ဆိုင်ရာဝင်ငွေနှစ်အတွက် Medicare အခွန်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့်သာ တွက်ချက်ပါသည်။
  • ဤကိရိယာသည် သာဓကရည်ရွယ်ချက်များအတွက်သာ ဖြစ်သည်။
  • ၎င်းသည် အထက်တွင် တင်ပြထားသည့်အရာနှင့် ကွဲပြားသော အမှန်တကယ်အခွန်ရလဒ်ကို ဖြစ်ပေါ်စေနိုင်သည့် သီးခြားအခြေအနေများကို ထည့်သွင်းစဉ်းစားခြင်းမရှိပါ။
  • ဤကိရိယာသည် အခွန်ကောက်ခံခြင်း သို့မဟုတ် ငွေကြေးဆိုင်ရာအကြံဉာဏ်များပေးရန် ရည်ရွယ်ခြင်းမရှိဘဲ သင်၏ တစ်ဦးချင်းအခွန်ကိစ္စရပ်များအတွက် တိကျသောအကဲဖြတ်မှုအဖြစ် မမှီခိုသင့်ပါ ။
  • အခွန်ထမ်းများသည် ၎င်းတို့၏ အခွန်စည်းကြပ်မှုနှင့် ဘဏ္ဍာရေးကိစ္စရပ်များနှင့် ပတ်သက်၍ လွတ်လပ်သော ကျွမ်းကျင်သူ အကြံဉာဏ်ကို (သင့်လျော်သလို) ရှာဖွေသင့်သည်။

အရင်းအမြစ်များ

အခွန်လျှော့ချရေး သိကောင်းစရာလှုပ်ရှားမှုတွင် အစိုးရ၏ အခွန်အပြောင်းအလဲများအကြောင်း သြစတြေးလျ အခွန်ထမ်းများအား အသိပေးရန် အထောက်အကူပြုအစီအစဉ်များ ပါဝင်သည် ။

အခွန်လျှော့ချမှုဆိုင်ရာ အန်နီမေးရှင်း